ကျွန်မမှာ တူမလေး တစ်ယောက်ရှိပါတယ်.. မူကြိုတက်နေရာက ၅နှစ်ပြည့်ပြီဆိုတော့
သူ့ကို သူငယ်တန်းစာ သင်ပေးရပြီပေါ့ .. သူငယ်တန်းမြန်မာစာ
သင်ပေးရတာပျော်စရာကောင်းပါတယ်.... “ကကာကား.. ကိကီကိး.. မေမေ့မေး”
စတဲ့စာလုံးတွေသင်လိုက်... ဖတ်စာအုပ်ထဲကမဟုတ်ဘဲ အခြားစကားလုံး တွေကို
စာလုံးပေါင်းခိုင်းလိုက်နဲ့. မြန်မာစာ တစ်အုပ်သင်ပြီး သွားရင်တော့
မြန်မာ စာကောင်းကောင်း ဖတ်တတ်လောက်ပြီ။ အဲ.. အင်္ဂလိပ်စာ သင်တော့
ဒုက္ခ္ခ္ခ္ခ္ခ္ခ္ခ္ခရာက်တော့တာပဲ.. ခုခေတ်စကားနဲ့ပြောရရင်တော့ အဲဒီမှာ
စတွေ့တော့တာပဲပေါ့...။ သူက private school မှာ မူကြိုတက်ပြီးသားဆိုတော့
အင်္ဂလိပ်စာက နည်းနည်းတတ်နေပြီ.. သူတစ်ဆင့်ထပ်တက်ရမယ့် သူငယ်တန်းက
အင်္ဂလိပ်ဖတ်စာအုပ်မှာက ABCD....Z နဲ့ Ant , Bird စသဖြင့် တို့ပဲဆိုတော့ သူက
အကုန်ဖတ်တတ်ပေါင်းတတ်ပြီးသားဖြစ်နေရော.. တစ်အုပ်လုံးကို ခဏလေးနဲ့
ဖတ်ပြီးသားဖြစ်သွားတော့.. ဘာဆက်သင်ရမှန်းမသိဘူး။ အဲဒါကိုကြည့်ပြီး
(ကျွန်မက ကလေးတွေကိုစာသင်တဲ့ဆရာမမဟုတ်ပေမယ့်) စဉ်းစားမိတယ်။
ကလေးတွေကိုသင်တဲ့အင်္ဂလိပ်စာအဆင့်ကို နည်းနည်းမြှင့်ပေးဖို့လိုမယ်ထင်တယ်။
အပြင်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ အင်္ဂလိပ်စာ သင်ကြတဲ့ကလေးတွေအတွက် ကိစ္စ
မရှိပေမယ့်.. အစိုးရကျောင်းတစ်ခု တည်းကိုပဲ အားကိုးပြီး အင်္ဂလိပ်စာလေ့လာရတဲ့
ကလေးတွေအတွက်တော့ ဒီပြင်ကလေးတွေနဲ့မီအောင်ကို မနည်းလိုက် ရမယ်ထင်တယ်။
အခုခေတ်ကအရင်တုန်းကလိုမျိုး ၁၀တန်းအောင်မှ အင်္ဂလိပ်စာ ကို သေချာလေ့လာကြမယ်
ဆိုတဲ့ ခေတ်မဟုတ်တော့ ဘူးလေ။ ပြုပြင်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ
ကလေးတွေရဲ့ပညာရေးအတွက် အခြေခံကျတဲ့ သင်ရိုးညွှန်းတမ်းတွေကိုလည်း
ပြင်ဆင်ပေးဖို့ ဘယ်သူ့ကို တောင်းဆိုရပါ့မလဲနော်.
Bring it on girl :)
ReplyDelete