LDC.. အဲဒီစကားလုံးက ကျွန်မအတွက်
အတော်ဒုက္ခပေးသော စကားလုံးဖြစ်ခဲ့သည်။ CPA Part II တွင် International
finance, Money, Banking and Economic Development of Myanmar စသည်
တို့ကိုလေ့လာရသည်။ ကျွန်မတို့ကျောင်းသားတွေကတော့ ထိုဘာသာရပ်ကို Ecoဟု
အလွယ်ပဲခေါ်လိုက် သည်။ Eco တွင် LDC အကြောင်း၊ MNC အကြောင်းများကို
အကျယ်တ၀င့်လေ့လာရသည်။ ဖြစ်ချင်တော့ LDC အကြောင်း စသင်သောနေ့က
ကျောင်းမတက်ဖြစ်ခဲ့။ နောက်ရက်များတွင် LDC ဆိုပြီး ပြောတော့ လည်း
စာသာလိုက်မှတ်ပြီး.. LDC ရဲ့ အရှည်ကို မေးရကောင်းမှန်းလည်းမသိ။
အိမ်ရောက်တော့လည်း စာပြန်မဖတ်ဖြစ်တော့ LDC ကို LDC ဟု သာ မှတ်ကာ တစ်လလောက်
ဒီအတိုင်းနေဖြစ်သည်။ စာမေးပွဲနီးလာတော့မှ စာများကို
အသည်းအသန်ပြန်ကြည့်ရာတွင် ဒုက္ခနှင့် လှလှတွေ့တော့သည်။ MNC ဆိုတာကတော့
Multinational Corporation ဟု အလွယ်တကူ ရှာနိုင်ပေမယ့် LDC ဆိုတာကို
ဖတ်စာအုပ်တစ်အုပ်လုံးသာ ကုန်သွားသည်၊ အဓိပ္ပာယ်အရှည်ကို ရှာမတွေ့ချေ။
ဦးနှောက်ကို ဖျစ်ညှစ်ကာ စဉ်းစားကြည့်တော့ C ဆိုတာ country၊ D ဆိုတာ
Developing ဒါမှမဟုတ် Developed တစ်ခုခု ဖြစ်နိုင်တယ်ဟုပဲ မှတ်ယူရသည်။
နောက်ဆုံးတော့ wikipedia မှာ ရှာကြည့်လိုက်တော့မှပဲ LDC ရဲ့အရှည်က Least
Developed Country ဆိုတာသိလိုက်ရတော့သည်။ နောက်ထပ်တွေ့လိုက်ရတာက Least
Developed Country Map မှာ ဒို့မြန်မာနိုင်ငံလေးက ထင်းလို့။
အော်
.. ငါတောက်လျှောက်လေ့လာဖတ်ရှုနေတဲ့ LDC ဆိုတာ င့ါနိုင်ငံကို
ပြောတာပါလားဟု.. . နောက် ဆုံးတော့ သဘောပေါက်နားလည်သွားကြောင်း
(ခပ်ရှက်ရှက်နှင့်) ၀န်ခံပါမည်။