Monday, 26 September 2016

လူငယ်နှင့်ငွေကြေးစီမံခန့်ခွဲခြင်း


ပိုက်ဆံတွေဘယ်ရောက်ကုန်မလဲမသိဘူး….ပိုက်ဆံက ဘယ်လိုကုန်သွားလဲမသိဘူး   စသည်ဖြင့် လူတွေပြော ကြ၊ ညည်းညူနေကြခြင်းကို အမြဲကြားရသည်။ မိမိ၏ကိုယ်ပိုင်ငွေကြေးများကို စနစ်တကျစီမံခန့်ခွဲသုံးစွဲနိုင်ပါက ထိုသို့ပြော ရန်မလိုဟုထင်မိပါသည်။ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှု (Personal Finance) သည် financial management တွင် လေ့လာ အပ်သောဘာသာရပ်တစ်ခုအနေဖြင့် ပါဝင်နေပါသည်။ ထို့ကြောင့် မိမိ၏ကိုယ်ပိုင်ဝင်ငွေ၊ အသုံးစရိတ်များကိုကောင်းမွန်စွာ၊ စနစ်တကျခွဲဝေသုံးစွဲနိုင်ရန်သည် Personal financial planning process များထဲမှ အချက်တစ်ချို့ကိုကောက်နုတ်ဖော်ပြ လိုက်ပါသည်။
၁။မိမိကိုယ်ကိုမိမိပြန်လည်သုံးသပ်ပါ။
မိမိသည် မိသားစုတွင်အဓိက၀င်ငွေရှာသူဟုတ်မဟုတ်။ မိမိတစ်လတာအသုံးစရိတ်များကိုသုံးစွဲရာတွင် အစားအသောက်မှာ လား၊ အ၀တ်အစားမှာလား၊ အခြားမှာလားစသည်ဖြင့် မည်သည့်အရာများကိုဦးစားပေးပြီးသုံးမိနေသလဲ။ မိမိတွင် တစ်လစာ ၀င်ငွေမည်မျှရှိသည်၊ မိမိ၏၀င်ငွေရလမ်းများမှာမည်သည်ကဖြစ်သည် (ဥပမာ-လစာ၊မုန့်ဖိုး) စသည်တို့ကို ပြန်လည် သုံးသပ်ပါ။ ထိုအခါမိမိတစ်လတာရသောဝင်ငွေနှင့် မိမိပြန်လည်သုံးစွဲမှုသည် ညီညွတ်မှုရှိရဲ့လား။ မည်သည့်အရာများကို မလိုအပ်ပဲသုံးမိနေသလဲဆိုတာကိုချင့်ချိန်နိုင်မည်ဖြစ်သည်။ ထို့နောက်နောက်လများတွင် မိမိ(သို့)မိသားစု၏၀င်ငွေနှင့် အသုံးစရိတ်များကိုခန့်မှန်းပါ။ ထပ်မံကုန်ကျလာနိုင်သည့် အရာများကို ဥပမာ- မိမိထပ်မံတက်ရောက်လိုသည့် သင်တန်း စရိတ်များ…အိမ်ထောင်ရှင်ဖြစ်ပါက မိမိ၏သားသမီးများပညာရေးအတွက်အသုံးစရိတ်များ--စသည်ဖြင့်ထည့်သွင်းစဉ်းစားပါ။
၂။Financial Goal နှင့် Financial Plan ချမှတ်ပါ။
          အနာဂတ်အတွက် ကုန်ကျနိုင်မည့်စရိတ်များကိုစဉ်းစားပြီး မည်သည့်အတွက်သုံးစွဲမည်ကို ပန်းတိုင်ထားခြင်းသည် Financial Goal ချမှတ်ထားခြင်းဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦးထားရှိသော ပန်းတိုင်မှာမတူညီနိုင်ပါ။ ဥပမာ-ပညာရေးကို တန်ဖိုးထားသောသူ၏ပန်းတိုင်မှာ သင်တန်း(သို့)ကျောင်းဆက်တက်ရန်ပိုက်ဆံစုခြင်းဖြစ်မည်။ ထိုသို့ Goal ချမှတ်ပြီးနောက် မည်သို့သုံးစွဲမည်ကိုစဉ်းစားထားခြင်းသည် Plan ချမှတ်ထားခြင်းဖြစ်သည်။ Plan ချမှတ်ရာတွင် မိမိ၏အနာဂတ်ဝင်ငွေမှာ မိမိကုန်ကျမည့် အသုံးစရိတ်ထက်နည်းပါက ပိုက်ဆံစုခြင်း(သို့) ငွေရင်းနှိးမြုတ်နှံခြင်း စသည်ဖြင့်ကုန်ကျစရိတ် ကာမိ ရန်ကြိုတင်ပြင်ဆင်ထားရမည်။ မိမိပိုက်ဆံကို ရင်းနှီးမြုတ်နှံရာတွင်လည်း နည်းလမ်းအမျိုးမျိုးကိုအသုံးပြုနိုင်သည်။ ဘဏ်တွင်အတိုးရရန်ပိုက်ဆံစုခြင်းမှ ရွှေဝယ်စုထားခြင်း၊ အိမ်၊မြေ၀ယ်ထားခြင်းစသည်ဖြင့် နည်းလမ်းများကို မြန်မာနိုင်ငံတွင် အများဆုံးအသုံးပြုကြသည်။ မိမိစုရမည့်ငွေပမာဏပေါ်မူတည်ပြီး ငွေကြေးဖေါင်းပွမှုကြောင့်ဖြစ်ပေါ်မည့် ငွေကြေးတန်ဖိုး တို့ကိုပါ ထည့်သွင်းစဉ်းစာ၊ငွေရင်းနှီးမြုတ်နှံခြင်း၊ငွေစုခြင်းနည်းလမ်းများကို ရွေးခြယ်သင်သည်။ ထို့အပြင် အကြံပြုလိုသည်မှာ မိမိပုံမှန်ဝင်ငွေမှ အသုံးစရိတ်များကိုပြန်လည်သုံးစွဲရာတွင် စနစ်တကျသုံးစွဲတတ်ရန်အရေးကြီးပါသည်။ ဥပမာ-တစ်လစာဝင် ငွေသည် ကျပ်(၁၅၀၀၀၀)၀င်ငွေရှိပါက တစ်နေ့ကိုကျပ် (၅၀၀၀)ထက် ပိုမသုံးစွဲခြင်း စသည်ဖြင့် သတ်မှတ်ထားနိုင်ပါက အကောင်းဆုံးဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ခရစ်ယာန်များဖြစ်နေသောကြောင့် မိမိဝင်ငွေမှာ ဘုရားသခင်၏သာသနာ့လုပ်ငန်းအတွက် ဆယ်ဖို့တစ်ဖို့ပြန်လည်ပေးလှူရန်ကိုတော့ဖြင့်မမေ့သင်ပါ။
လူငယ်တစ်ဦးစီတိုင်းသည် မိမိကိုယ်တိုင်ဖြစ်စေ ၊မိသားစုအတွက်ဖြစ်စေ၊ အသင်းတော်အတွက်ဖြစ်စေ ဘဏ္ဍာစိုးကောင်း များဖြစ်စေရန် ဆန္ဓပြုလျက်တင်ပြအပ်ပါသည်။

Thursday, 5 November 2015

To whom it may concern



မနေ့က ကျွန်မ တပည့်လေးတစ်ယောက်နဲ့ တွေ့တော့ စကားပြော ကြရင်း သူက ပြောပါတယ်။ တီချယ်ရေ.. သမီးတော့ day တက်နေတာကနေ distance ပြောင်းတော့မယ်။  ဘာလို့လဲ မေးတော့ အဲဒီကဆရာမနဲ့ အဆင်မပြေဘူးတဲ့။ တစ်ချိန်လုံး ရုံးခန်းရောက်နေတယ်ဆိုလို့။ ဘာကြောင့် အဆင်မပြေလဲ ဆက်မေးတော့ ဆရာမ သင်တဲ့စာတွေကို သူက မရှင်းလို့ ထ မေးရင် မကြိုက်ဘူးတဲ့။ ငါ့ကို cross question မေးတယ်ဆိုပြီး စိတ်ဆိုးတယ်တဲ့။ ဒီကျောင်းက ဆရာ ဆရာမတွေကျ တော့ မသိရင် ချက်ချင်းမေးဖို့ အားပေးတော့၊ မေးမှ ကြိုက်ကြတော့ သမီးက မေးတာ အကျင့်ပါနေပြီတဲ့။ အဲဒါ တက္ကသိုလ်မှာ ကျတော့ အဲလိုမေးရင် ဆရာမက မကြိုက်ဘူးတဲ့။ သူလည်း လူဆိုးစာရင်းမ၀င်ချင်တော့လို့ အဝေးသင်ပဲ ပြောင်းလိုက်တော့ မယ် လို့ ပြောသွားတယ်။
 ခုနက တော့ ကျွန်မ တူလေးက viber က နေ လှမ်းစကားပြောတယ်။ သူ အလွတ်ကျက်ပြီး စာမေးပွဲ ဖြေရတာကို စိတ်ပျက်လာပြီတဲ့။ သူက ဒီနှစ် ၁၀ တန်းလေ။ သားက စာတွေအကုန်နားလည်တယ်။ အဓိပ္ပါယ်တွေသိပေမယ့် ကိုယ်နားလည်သလို ပြန်ဖြေလို့မရဘူး။ ၏ သည် မရွေး ကျက်ဖြေရတာကို မုန်းလာပြီတဲ့။ ကျောင်းက ဆရာမတွေက တော့ ၏သည်မရွေးဖြေမှ အမှတ်ပြည့်ပေးတာတဲ့။ အဲဒီတော့ကျွန်မလည်း သား တော်တာကို သိတယ်။ ဒါပေမယ့်လည်း သားမှာ ရွေးချယ်ခွင့်မရှိဘူးလေ။ သားဘယ်လောက်သိသိ ၏သည်မရွေးကျက်မှ ရမယ်ဆို ရင်လည်း ကျက်ရတော့မှာကိုး။ အဲဒါ ပညာရေးစနစ်က ဖြစ်နေတာ။ အဲဒီပညာရေးစနစ်ကို ပြောင်းလဲ မှပဲ ရမယ်။ ၈ ရက်နေ့အထိ ပဲ စောင့်လိုက်ပါလို့ပြောလိုက်တယ်။
 တနေ့ကတော့ ဦးလေး တစ်ယောက်က ပြောတယ်။ ငါတို့ မဲပေးလဲ မထူးပါဘူးတဲ့။ ဘာပဲဖြစ်ဖြစ် အာဏာကို ပြန်ပေးမှာ မဟုတ်ပါဘူးတဲ့။ အဲဒီတော့ ပြန်ပြောလိုက်တယ်။ ကိုယ့်တာဝန်က မဲ ပေးဖို့ ပဲ မို့ မဲပဲ ပေးလိုက်ပါ။ ပြောင်းလဲ တာ မပြောင်းလဲတာ။ လွှဲတာ မလွှဲတာက နောက်မှ ဖြစ်မယ့် ကိစ္စတွေမို့ နောင်ခါလာ နောင်ခါဈေး ပါ လို့။ လွှဲတာ မလွှဲတာက လက်ရှိ အစိုးရရဲ့ တာဝန်၊ ပြောင်းတာ မပြောင်းနိုင်တာက နောက်တက်မယ့် အစိုးရရဲ့ တာဝန်၊ ပြည်သူတစ်ယောက်အနေနဲ့ တာဝန်က ကိုယ်ယုံကြည်ရာကို မဲပေးရမယ့် တာဝန်မို့ ကိုယ့်အပိုင်းကို ပဲ ကိုယ်စီ တာဝန်ကျေအောင်လုပ်ကြရအောင်လို့ ပြန်ပြောလိုက်တယ်။
ကျွန်မတို့တွေ ခုချိန်ထိ ကိုယ် ယုံကြည်ရာကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်မရခဲ့သေးပါဘူး။ ဥပမာ အနေနဲ့ ကျွန်မဆိုရင် ၁၀တန်းအမှတ်နဲ့ တက္ကသိုလ်တက်ဖို့ ခွဲခဲ့လို့ စီးပွားရေးတက္ကသိုလ်၊ section 1 မှာ တက်တယ်လို့ ပြောရတာကို ဂုဏ်ယူခဲ့တယ်။ အဝေးသင်စီးပွားရေးနဲ့ အထင်မှားမှာ စိုးလို့ ဘယ်တက္ကသိုလ် တက်နေလဲဆိုရင် စီးပွားရေးလို့ မဖြေဘဲ YIE ကပါလို့ ပြန်ဖြေမိတဲ့အထိ အတ္တကြီးမိတယ်။ (နောက်နှစ်လောက်ဆိုရင်တော့ တက္ကသိုလ်တက်ဖို့ အမှတ်နဲ့မခွဲတော့ဘူးလို့ ဖတ်လိုက်ရတယ်။) တက္ကသိုလ် တက်တုန်းက အရမ်းစိတ်ဝင်စားတဲ့ ဘာသာရပ်က economics ပါ။ ဒါပေမယ့် ကျောင်းပြီးသွားရင်း economist တစ်ယောက်အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း သိပ်မရှိဘူးလို့ မြင်ခဲ့လို့ b.com , CPA ဖြစ်အောင် ရွေးချယ်ခဲ့ပါတယ်။ (အဲဒီတုန်းက ကျွန်မသိပ်အမြင်မကျယ်သေးလို့လည်းဖြစ်နိုင်ပါတယ်။) ကျွန်မတို့ ခေတ်ကစပြီး ခုချိန်ထိ စာမေးပွဲဖြေရင် ၏သည်မရွေးကျက်ဖြေမှ အမှတ်ပြည့်ရပြီး စာတော်တဲ့ကလေးအဖြစ် သတ်မှတ်ခံရတယ်။ ( ကျောင်းသားတစ်ယောက်ရဲ့ အသိပညာကို ဘယ်လောက်ရှိလဲ။ ဖန်တီးနိုင်စွမ်း ဘယ်လောက်ရှိလဲကို မစဉ်းစားဘဲ သူ့ စာကျက်နိုင်အားတစ်ခုတည်းနဲ့ ဆုံးဖြတ်မိကြတယ်။) ပညာရေးစနစ်တွေ ဘယ်လို ပြောင်းတယ်ပြောပြော လူတိုင်း နေရာတိုင်းတော့ လိုက်ပြောင်းတာကို မတွေ့ရသေးဘူး။  ကျွန်မတို့ နိုင်ငံရဲ့ သမ္မတကို ကျွန်မတို့ ကိုယ်တိုင် မရွေးချယ် နိုင်ကြသေးဘူး။ ဒါပေမယ့် ကျွန်မတို့ လုပ်နိုင်တာတစ်ခု ရှိပါတယ်။ မဲပေးဖို့ပါ။ ဘာဆို ဘာမှ ကိုယ့်လုပ်ချင်တာကိုလွတ်လွတ်လပ်လပ် မရွေးခြယ်နိုင်ခဲ့တဲ့ ကျွန်မတို့တတွေ၊ ကျွန်မတို့ပေးလိုက်တဲ့ မဲ တစ်မဲ ဟာ နိုင်ငံရဲ့ စနစ်တစ်ခုက ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတာကို တွေးကြည့်ရင်တောင် ရင်ခုန်ချင်စရာပါ။  
ကျွန်မတို့ အကုန်လုံးနားလည်ထားပြီးသားပါ။ နိုဝင်ဘာ ၈ ရက်နေ့မှာ မဲနိုင်ပြီး တက်လာမယ့် အစိုးရဟာ အကုန်လုံးကို ချက်ချင်းမပြောင်းလဲနိုင်ဘူးဆိုတာကို။ နှစ်ပေါင်းများစွာ အသားကျနေတဲ့ စိတ်ဓာတ်တွေ၊ အကျင့်တွေ၊ စနစ်တွေ ဒါတွေကို တစ်ရက်တည်းနဲ့ မပြောင်းနိုင်ဘူး။ တစ်နှစ်ထဲနဲ့ မပြောင်းနိုင်ဘူး။ နောက် ၅ နှစ် ထိ တောင် ပြောင်းလဲ နိုင်ချင် မှ ပြောင်းလဲ နိုင်မယ် ဆိုတာကို။ ဒါပေမယ့် အရေးမကြီးဘူး။ ကျွန်မတို့လိုချင်တာက မဲဆွယ်စဉ်မှာ ပေးခဲ့တဲ့ ကတိတွေအတိုင်း အကောင်အထည် ဖော်မဖော် စောင့်ကြည့်ပြီး ထောက်ပြနိုင်ခွင့်ပါ။ ကျွန်မတို့ လိုအပ်ချက်တွေကို တင်ပြပြီး ဖြည့်ဆည်းပေးတာမျိုးပါ။ ကျွန်မတို့ ရွေးချယ်မိလိုက်တဲ့ အစိုးရဟာ သူကတိပေးသလို ဘာမှ မလုပ်ရင် ဖြစ်အောင်မကြိုးစားရင် နောက်တစ်ကြိမ်ရွေးကောက်ပွဲ မှာ အဲဒီအစိုးရကို ဖယ်ပြီး နောက်ပါတီ ကို ရွေးခြယ်နိုင်ဖို့ပါ။ ကျွန်မတို့လိုချင်တဲ့ အရာတွေကို အိမ်မက် ထိုင်မက်နေရုံ၊ စိတ်ကူးထိုင်နေရုံနဲ့ ဘာမှ ဖြစ်မလာဘူး။ ပန်းတိုင်ဆီကို စလှမ်းမယ့် ခြေတစ်လှမ်းပဲ လိုတာပါ။ ၈ ရက်နေ့။ ဟုတ်ကဲ့ ကျွန်မတို့ပြည်သူအားလုံး လုပ်နိုင်တာ ဆိုလို့ တစ်ခုပဲရှိတဲ့ မဲ ပေးဖို့ တာဝန်ကို ထမ်းဆောင်ရမယ့် နေ့ပါ။ အဲဒါကြောင့် ကိုယ့်အပိုင်းမဟုတ်တဲ့ ကိုယ်မလုပ်နိုင်တဲ့အရာတွေကို ကြိုတင်စဉ်းစားတွေးပူမနေဘဲ ကိုယ့်တာဝန်ကိုယ် ကျေအောင် ပဲ အရင်ဆုံးမဲပေးကြပါလို့။

Sunday, 5 April 2015

ချစ်သူသိစေ



သိပ်မချစ်မိအောင် ကြိုးစားနေတယ်
ငါ့အချစ်က နင့်ကို ပူလောင်စေမှာစိုးလို့ပါ

သိပ်မလွမ်းမိအောင် ကြိုးစားနေတယ်
ငါ့အလွမ်းက နင့်ကို ချုပ်ခြယ်မိမှာစိုးလို့ပါ

သိပ်သဝန်မတိုမိအောင် ကြိုးစားနေတယ်
ငါ့သဝန်တိုစိတ်က နင့်ကို စိတ်ပင်ပန်းစေမှာစိုးလို့ပါ

ငါ့ကိုယ်ငါထိန်းချုပ်ရင်း
ငါ့အချစ်မှာ ငါပြာကျ
ငါ့အလွမ်းမှာ ငါရုန်းထွက်မရ
ငါသဝန်တိုရင်းနဲ့ပဲ မောပန်းလွန်းလှပြီ

Saturday, 28 March 2015

အချစ်



နွေနေပူပူမှာ မိုးစက်ပွင့်တွေ
မြင်ရတိုင်းမှာ ပန်းပိတောက်ကို 
တမ်းတမိတယ်
ပိုင်ဆိုင်ချင်တာ မဟုတ်ပေမယ့်
မျှော်လင့်မိတာလေးပါပဲ
အပင်ပေါ်မှာ ပင်လုံးကျွတ်ဝေဆာနေရင်
ဒါမှမဟုတ် တခြားမိန်းကလေးတွေရဲ့ကေသာမှာ
တင့်တင့်တယ်တယ် မြင်ရယုံနဲ့
ကိုယ်ဟာကျေနပ်မိသူပါ..



(အချစ်

ကိုယ်ဟာကျေနပ်မိသူပါ)

Friday, 21 November 2014

စွန့်လွှတ်ခြင်းအတတ်ပညာ

မင်းလက်ခံမလား..
စွန့်လွှတ်ရခြင်းမှာ စွန့်စားရမှုတွေရှိနေတယ်.
စွန့်လွှတ်ရခြင်းမှာ ပေးဆပ်ရမှုတွေရှိနေတယ်..
စွန့်လွှတ်ရခြင်းမှာ ၀မ်းနည်းရမှုတွေရှိနေတယ်..
စွန့်လွှတ်ရခြင်းမှာ အနစ်နာခံရမှုတွေရှိနေတယ်.

ဒါပေမယ့်
စွန့်လွှတ်ပြီးနောက်မှာ စိတ်ပေါ့ပါးမှုတွေရတယ်..
စွန့်လွှတ်ပြီးနောက်မှာ လွတ်လပ်မှုတွေရတယ်..
စွန့်လွှတ်ပြီးနောက်မှာ ပျော်ရွှင်မှုတွေရတယ်..
စွန့်လွှတ်ပြီးနောက်မှာ ငြိမ်းချမ်းမှုတွေရတယ်..
 
စွန့်လွှတ်ခြင်း အတတ်ပညာကို
လူတိုင်းတတ်မြောက်ဖို့တော့
ပြဌာန်းစာအုပ်တွေအစား
မေတ္တာစိတ်လေးပဲလိုလိမ့်မယ်

စွန့်လွှတ်ခြင်းဆိုတာ မေတ္တာတရားမှာ အခြေမတည်ရင်
နောက်ဆုံးရလာဒ်က 
မိမိကိုယ်ကို အသေခံဗုံးခွဲခြင်းပဲဆိုတာကိုတော့
မင်းလက်ခံနိုင်ပါစေ

Thursday, 16 October 2014

Women Leadership in Future Myanmar

(I have submitted this paper at Young Scholar's Conference -Asian Studies in a Globalized world organized by  International Institute of Peace Studies and Institute of Asian Studies- Chulalongkong University(March 5th -6th, 2013))
Nowadays, the world is changing. Women are taking a leadership role in almost all sectors around the world. In olden days, the status of women was restricted by religion, tradition, custom and law in most part of the world. Women and children are made to be a chattel of men. Women are exploited as slaves, prostitutes, concubines, and second class citizens. Women also lost fundamental human rights but as some women got a privilege to study advance education and wide knowledge and they became to know that they have to fight for women’s rights. For almost all centuries, the women have to fight for their equity. As the world progress to be knowledge age, people became to realize that all human beings are equal. Women are not in weaker sector. After trying and struggling very hard by activists and feminists, we can now see the slightly change in women leadership.
In almost all countries, women have now won the right to vote. Yet there are still scandalously few women in positions of political leadership. So many activists and supporting organizations are trying to increase the percentage of women leadership. According to the statement of Michelle Bachelet, Executive Director of UN Women at CEDAW 30, they have decided that there will be more than 30 countries have 30 percent or more women parliamentarians in 2030.
In Myanmar history, there were many women leaders in many sectors. In present Myanmar, there are already a number of prominent women in the leadership role. Most of these female leaders are from such sectors in business, social, education, health and others but few in political and government sector.
In government sector, women cannot get a chance to be a minister. After democratic reformation, more women are involved in politics but female government minister and female parliamentary members are still few. According to the Inter Parliamentary Union and UN Women, Myanmar still ranked 135 out of 143 in terms of global female political participation. Before the April 1 by elections, there are only 18 women included in 613 filled seats, but the by –elections increased the number of women holding seats by a dozen.
According to Myanmar custom and tradition, women get equal chance with men in decision-making process. They do not take the name of the father or husband after marriage. Her name is her own and the name is known from birth to death unless she changes it of her own accord. In family, the husband and wife share equal household responsibilities. The husband provides the financial needs and it is the woman who manages the family decision making in providing food, clothing and schooling, etc. But women cannot get an equal chance with the men in leading role. The women may go out to work for the social development; they still have the major responsibility to look after the family. In Myanmar, 50.3% of the total populations are women. Thus the women outnumber the men. Most of Myanmar women are eligible to take a leadership role. Today, there are some female Myanmar Leaders who are honored and respected by the world as the Nobel Peace winner Daw Aung San Su Kyi.But women leaders are still a few.
Nowadays, Myanmar is trying to reform to Democracy and we need many women leaders because women leader can express the real voice of the women to the world. Only woman can know the pains of women, can empathy the suffering of women and can solve the problem of women. Men leader is not appropriate to represent the women’s affairs effectively.
Women leaders are also needed for representative of have-not and poor. In Myanmar, there are many poverties stricken people. Naturally, women have mothers’ instinct and love. So they can sympathize to those people and raise their voices.
Our people’s leaders, Daw Aung San Su Kyi, always encourage women to try to become a leader. But why are women leaders left behind? Will more female got an opportunity and chance to get a leading role in future Myanmar? It becomes a controversial issue. There are many reasons why most of the women are not participate in leading role.
One of the barriers for becoming women leader is the lack of political knowledge. Before the military regime, political science and democracy was the curriculum of University. Due to the political awareness, there were many prominent women politician who fight for the Burma Independence abreast with men politician. Eg. Ludu Daw A Mar, MA. Daw Ohn, Mrs Ba Mg Chein ( Minister of Health).  After the military took the state power, only propaganda of dictatorship was force to put into the mind of the people and political literatures were prohibited.  Although people have not got a chance to learn political knowledge and practices openly, people afford to get political knowledge and practices in other way such as listening radio, approaching the experienced politician, reading illicit underground political literatures. As for women, these chances are only got by few. Most of the women cannot have a spare time to learn politics because they have to occupy in household work. To expand the role of women leaders, we have to educate women to get political knowledge and practices. We have to persuade them to read more political literatures. We have to give more trainings, seminars and workshops. We have to demand to add political science in formal education. We have to motivate and encourage women to participate in Politics.
Another reason for lack of women leaders is that the majority of Myanmar women regard politics is not their concern. Even though there was a queen, Shin Saw Pu, in Myanmar History, Myanmar people believe that only men can handle political affair according to Myanmar custom and tradition. There is Myanmar saying ‘dawn comes, when cock crows but not hen.” This means that women cannot make things change. That is the stereotyping norms. Actually, politics is everyone concerns. We have to educate women to change their mind-set. We have to organize people to give women a chance to be a leader and to give awareness in gender equity.      
Furthermore, the past regime had convinced people that the politics is a crime. The authorities crack down anyone who involved in politics. So people are under fear. They dare not to express their political view in public, even to mention the word politics loudly. They realize that women have to pay a disproportionately high price for directly and indirectly participation in political affairs. They suffer many problems such as social, financial and etc. Some women politicians got long–term  unjust-imprisonment. Therefore, most of the women are scared to get involved in politics. We have to encourage people to freedom from fear. We have to help them to know that politics belongs to everyone. Politics is the refuge of oppress and underprivileged instead of refuge of the scoundrel.
In Myanmar Constitution (2008), although there are women rights of employment, there are no sections to prescribe how many percent of women parliamentarians are to be appointed. Also, as the president must have a military experience, it is difficult for women to be eligible in that highest post of the Union because women are not allowed to serve in active military services.  So we need to change the constitution to get women a fair chance in higher post and 30 percent of seats in parliament reserved for women as per CEDAW protocol.  
Myanmar is trying to build a democratic nation. As Democracy is the rule of the people and administer by check and balance, all men and women have to participate in this process. Men leaders cannot build for peaceful and prosperous nation without the women leaders’ involvement.
Hence, it is now necessary to promote women to participate in the building of democratic society. So that women leadership can lead in future Myanmar to become a developed country. Becoming more women to participate in politics, it is necessary for women to build their capacity not only in academic knowledge but also in practical skill. It is necessary for men to acknowledge the role of women leadership and encourage them to get this opportunity. Let’s give women a chance.

Monday, 13 October 2014

နေဝင်ချိန်


ကိုယ့်အတွက်အလင်းရောင်တွေ
ပျောက်ဆုံးသွားတယ်ဆိုပေမယ့်
ကမ္ဘာ့တစ်ဖက်ခြမ်းမှာတော့
သူ့အလင်းရောင်တွေနဲ့
ထွန်းလင်းနေမှာမို့
ပီတိဖြစ်ဆဲ ...

ဆုံးရှုံးရခြင်းလို့မမြင်ပါဘူး
နေ့ရက်သစ်သာရောက်လာခဲ့ရင်ဖြင့်
ပြန်လည်ဆုံတွေ့ရနိုင်မယ်လို့
မျှော်လင့်ရရုံနဲ့
ကျေနပ်တယ်