ဟိုနေ့က စာမေးပွဲဖြေဖို့ စာတွေကျက်လို့မပြီးသေးလို့ စိတ်ညစ်နေတုန်း
သူငယ်ချင်းတစ်ယောက် ရောက်လာပြီး စာလာမေးတယ်။။ Non –current Asset held for
sale ဆိုတာ နဲ့ပတ်သက်ပြီး ပြောပြပေးပါလားတဲ့။ ပထမတော့ IFRS 5 အရ
Non-current Asset held for sale ဆိုတာ ဘယ်လို criteria တွေရှိရမယ်၊ IAS 35
အရ Discontinuing operation က ဘယ်လို စသည်ဖြင့် တတ်သလောက် မှတ်သလောက်
ပြောပြလိုက်တာ..နားမလည်တဲ့ပုံနဲ့ ပြန်ကြည့်နေရော။ အဲဒါနဲ့
စိတ်ပေါက်ပေါက်နဲ့ လက်မထပ်ရသေးတဲ့မိန်းကလေးတွေကို Non-current
Asset(ပုံသေပိုင်ပစ္စည်း)လို့ ယူဆလိုက်ဟယ်။ held for sale ဆိုတာ
စေ့စပ်ထားပြီးသားမိန်းကလေးပေါ့.. မကြာခင် လက်ထပ်တော့မှာ ဆိုတော့ သူ့ကို
ရိုးရိုး Non-current Assets ထဲက ဖယ်ထုတ်ပြီး သူ့ကို available for sale
အကောင့် ဖွင့်လိုက်ပေါ့။ ပြီးတော့ မကြာခင်လက်ထပ်တော့မှာ ဆိုတော့
depreciation လည်း လုပ်ပေးစရာမလိုတော့ဘူးနော်။ လက်ထပ်ဖြစ်တဲ့အခါကျတော့မှ
(ရောင်းလိုက်တော့မှ) disposal account နဲ့ စာရင်းပိတ်တော့ profit (or) loss
ထွက်လာရောလို့လည်း ရှင်းပြလိုက်ရော.. ဘာတွေသဘောပေါက်သွားသည်မသိ..
ကျေးဇူးတင်ပါ ကြောင်း ၃ခါ ပြောသွားလေသတည်း။
No comments:
Post a Comment