Thursday, 23 February 2012

ကျွန်မချစ်သော Y.I.E (သို့) ရန်ကုန်စီးပွားရေးတက္ကသိုလ် အမှတ်တရစာစုများ

2012 ခုနှစ်တဲ့.. ဘာလိုလိုနဲ့ တွက်ကြည့်လိုက်တော့ ဘွဲ့ရပြီးသွားတာ ၆နှစ် နီးပါးရှိသွားပြီပဲ။
အခုနေပြန်တွေးကြည့်တော့ ကျွန်မတို့ရဲ့အမိတက္ကသိုလ်ကြီးကိုလွမ်းသား။ 
(အမိတက္ကသိုလ်လို့ပြောတာ ကျောင်းမှာက မိန်းကလေးတွေပဲ များတာကိုး… ဘယ်လိုစဉ်းစားစဉ်းစား အဖတက္ကသိုလ်တော့ မဖြစ်နိုင်ဘူး) 
အော်..ကျွန်မတက်ခဲ့တဲ့ကျောင်းက ရန်ကုန်စီးပွားရေးတက္ကသိုလ်လေ။
အများစုကတော့ Eco လို့ပဲ သိကြတာပေါ့။ 
ဒါပေမယ့် Eco က ကျောင်းသား ကျောင်းသူ မှန်ရင်တော့ သူများတွေ ဘယ်လိုပဲ Eco ခေါ်ခေါ်.. 
တို့ကတော့ Y.I.E မှ Y.I.E ပဲ။ Yangon Institute of Economics မလား။ 
အတိုကောက်ဆိုတော့ Y.I.E ပေါ့။ ခက်တာက ဘာတက်နေလဲမေးလို့.. YIE လို့ဖြေရင် ထပ်မေးကြရော။ … အဲဒါဘာလဲတဲ့.. အဲဒီတော့မှ ရန်ကုန်စီးပွားရေးတက္ကသိုလ်လေ .. 
Yangon Institute of Economics ပေါ့လို့ ပြန်ဖြေရတယ်။ ဘယ်လောက်ပဲပင်ပန်းပင်ပန်း 
ဘယ်တော့မှ အလွယ်တကူသိနိုင်တဲ့ Eco ကလို့မပြောဖြစ်ကြဘူးလေ...
..…ဖြစ်ပုံက ဒီလို…..

ကျွန်မတို့ 10 တန်းတုန်းက အခုလိုမျိုး ၀ိဇ္ဇာတွဲ၊ သိပ္ပံတွဲမခွဲသေးဘူး.. 
လူတိုင်းက physics, chemistry, Bio, Eco, History, Geography အားလုံးသင်ကြရတာလေ…  
အဲဒီတော့ 10 တန်းအောင်ပြီးတဲ့ အချိန်မှာ ကိုယ်ကြိုက်တဲ့ တက္ကသိုလ်ကို အမှတ်မီရင် သွားလို့ရတယ်.. အဲဒီတုန်းက စီးပွားရေးတက္ကသိုလ်တက်ဖို့ကို အမှတ်နဲ့ခွဲတာ (နောက်ပိုင်းမှသာ)… 
အဲဒီတော့ စီးပွားရေးကျောင်းသူ ဖြစ်လာကြတဲ့အခါ အားလုံးက ငါတို့ အမှတ်မီလို့ဒီကျောင်းကို တက်ရတယ်ပေါ့.. အဲလိုပညာမာနလေးတွေနဲ့လေ.. ဆရာမတွေကလည်း 
“ သမီးတို့ကတော်လို့ ဒီကျောင်း ရောက်လာတာ.....အရင်တုန်းကဆေးရယ်....YITရယ်........
စီးပွားရေးတက္ကသိုလ်ရယ်ဆိုတာက ထိပ်တန်းကျောင်းတွေ.…
ချောတဲ့မိန်းကလေးတွေပဲ စုနေလို့ မိန်းမလှကျွန်းလို့တောင် ခေါ်ကြတာ ” လို့ဆိုတော့....ငါတို့ကတော့ မိန်းမလှကျွန်းသူတွေပဲဆိုပြီး ဘ၀င်ခပ်မြင့်မြင့်လေး တွေပေါ့..
ဖြစ်ချင်တော့ အဲဒီအချိန်မှာ အဝေးသင်တက္ကသိုလ်က အီကို အထူးပြုယူလို့ရတယ်လေ… 
ယူကြတဲ့သူတွေ ကလည်း အများသားဆိုတော့.. ဘာတက်နေလည်းမေးလို့ အီကိုလို့များမဖြေလိုက်နဲ့.. အဝေးသင်ပဲ ထင်ကြတာကိုး... 
ကိုယ်တွေမှာက စီးပွားရေးတက္ကသိုလ်ရဖို့.. အမှတ်လည်း ကောင်းရဦးမယ်..
ကျောင်းရှိတဲ့ရွာသာကြီးကို နေ့တိုင်းလည်း ဖယ်ရီ အကြာကြီးစီးပြီး သွားတက်ရသေးတယ်..
ဖယ်ရီမမီရင်လည်း လိုင်းကားကခက်လို့ အဆင့်ဆင့်စီးရင်စီး.. မစီးရင်လည်း ဒါရိုက်ရောက်တဲ့ကားကို တမေ့တမောစောင့်…
ကျောင်းရောက်တော့လည်း ကိုယ့်အဆောင် ရောက်ဖို့ မိန်းလမ်းမကြီးဖြစ်တဲ့ ( တော်တော်ဝင်ရတဲ့)
 တော်ဝင်လမ်းမကြီးကို ဆက်လျှောက်ရသေးတယ်….
ကျောင်းရောက်တော့လည်း ဆယ်တန်းတုန်းကထက် မလျော့တဲ့ ကြိုးစားခြင်းနဲ့ စာကျက်ရသေးတယ်.. 
(အမှတ်ကောင်းမှ ၀ါဏိဇ္ဇဗေဒဌာနမှာဆက်တက်လို့ရမှာ.. ၀ါဏိဇ္ဇဌာနမှာ ထပ်ပြီးကြိုးစားတော့မှ ဘီကွမ်းဘွဲ့ယူလို့ရမှာ.. ဘီကွမ်းရမှ စသဖြင့်စသဖြင့် ) ဆိုတော့...
Eco က ကျောင်းသား ကျောင်းသူ မှန်ရင်တော့ သူများတွေ ဘယ်လိုပဲ Eco ခေါ်ခေါ်.. တို့ကတော့ Y.I.E မှ Y.I.E ပဲ။
(ချစ်သော YIE သူငယ်ချင်းများအတွက်..)

8 comments:

  1. သယ်ရင်းရယ် ငါ့ ဖြင့် မိန်းမလှကျွန်းသူရယ်လို့ ဘ၀င်မြင့် ဖို့ သိပ်confidence မရှိဘူးကွ.. တို့ မှာ လယ်ကွင်းကို ဖြတ်တိုက်လာတဲ့ လေပူကြီးတွေ နေ့ တိုင်းခံရလို့ ...ညိုပြာစိမ့် လေး (တကယ်တော့မည်းခြင်း) ဖြစ်နေတာကိုး.. ဒါပေမဲ့ ပျော်စရာ သတိရစရာတွေနဲ့ အပြည့် ပါပဲ...

    ReplyDelete
  2. ဘယ်သူ့ကြည့်ကြည့် ညိုပြာစိမ့်လေးတွေပဲဆိုတော့ confidence ရှိလိုက်ပါ သယ်ရင်းရယ်..

    ReplyDelete
  3. သူငယ်ချင်းရယ်ကျောင်းကြီးနဲ့ကျောင်းတက်ခဲ့တဲ့အချိန်တွေကိုလွမ်းလိုက်တာ

    ReplyDelete
  4. အန်...မိန်းမလှကျွန်း..ဟတ်လား...ဘယ်သူပြောတာလဲ...

    ReplyDelete
    Replies
    1. မိန်းမလှလေးတွေတက်တဲ့ကျောင်းဆိုမှ တော့ မိန်းမလှကျွန်းပေါ့ဟယ်..လူတိုင်းသိပါတယ်.. ပြီးတော့ ကျောင်းတက်တုန်းက ဆရာမကြီးတစ်ယောက်လည်း အဲဒီအတိုင်းပြောဖူးတာ.. ငါ အသေအချာကို မှတ်ထားတာ

      Delete
    2. ကျန်တာတွေဘာပြောသွားမှန်းတော့မမှတ်မိဘူး.. :P

      Delete
  5. အရမ်းကိုမှန်ပါတယ်... ကျောင်းတက်တုန်းက Eco လို့ပြောရင် အဝေးသင်လို့အထင်ခံရမှာစိုးလို့ YIE လို့ပြောခဲ့ကြတာ

    ReplyDelete
    Replies
    1. YIE မှာ တက်ခဲ့တဲ့သူတိုင်းရဲ့ ခံစားချက်ဖြစ်မယ်ထင်တယ်..နော်

      Delete